ဖေဖော်ဝါရီ ၄ ရက်နေ့တွင် NLD ကိုယ်စားလှယ် ၇၀ ခန့်သည် စစ်တပ်ကို ဆန့်ကျင်၍ လွှတ်တော်အစည်းအဝေး စတင်သကဲ့သို့ ကတိသစ္စာ ပြုခဲ့ကြသည်။ စစ်တပ်သည် ရွှေညဝါဆရာတော်နှင့် မြဝတီမင်းကြီးကျောင်း ဆရာတော်တို့ကဲ့သို့ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သူများ၊ ကိုမြအေးကဲ့သို့ ကျောင်းသားခေါင်းဆောင်များကိုပါ ဖမ်းဆီးခဲ့သည်။ လွှတ်တော်အမတ် ၁၃၃ ဦးနှင့် တက်ကြွလှုပ်ရှားသူ ပြည်သူ ၁၄ ဦးကို ဖမ်းထားခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဆိုသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံသမ္မတ ဦးဝင်းမြင့်ကိုမူ မဲကိစ္စနှင့် မသက်ဆိုင်သည့် အကြောင်းအချက်များဖြင့် ရုံးတင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေး ပစ္စည်းများ တရားမဝင်တွေ့ရှိသည်ဟုလည်းကောင်း၊ သမ္မတ ဦးသိန်းစိန်ကို ကိုဗစ်ဥပဒေများဖြင့် လည်းကောင်း စတင်စွပ်စွဲပြီး တဖြည်းဖြည်း အမှုများကို လိုသလို တိုးလာခဲ့သည်။[1]
အာဏာသိမ်းပြီး နောက်တရက်တည်းကပင် အာဏာဖီဆန် လှုပ်ရှားမှု (CDM) များ လုပ်ဆောင်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်း အများအပြား ဦးဆောင်ခဲ့ပြီး တနိုင်ငံလုံး ဝန်ထမ်းပေါင်းစုံဖြင့် ကျယ်ပြန့်စွာ လုပ်ဆောင် လာခဲ့သည်။ ကုလသမဂ္ဂတွင် ဆွေးနွေးမှုအနည်းငယ် ရှိသော်လည်း နိုင်ငံတကာကမူ ဘာမှအသေအချာ လုပ်ဆောင်နိုင်ခြင်း မရှိပေ။[2]
ဖေဖော်ဝါရီ ၅ ရက်နေ့တွင် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ကို ဖွဲ့စည်းခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်တွင် အတိုင်ပင်ခံဥပဒေကို CRPH မှ ထုတ်ကာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်တာဝန်ပေးထားခဲ့သည်။ ရဲတပ်ဖွဲ့ကမူ ယင်း ဖေဖော်ဝါရီ ၉ ရက်တွင်ပင် NLD ရုံးချုပ်ကို ဝင်ရောက်စီးနင်းသည်။ ထိုဖေဖော်ဝါရီ ၉ ရက်တွင်ပင် အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်သည် နေပြည်တော် ဆန္ဒပြပွဲတွင် ပစ်ခတ်ခံရပြီး ပထမဆုံး သေဆုံးသူ ဖြစ်လာခဲ့သည်။ ယင်းရက်များတွင်ပင် စစ်တပ်က လူ ၅ ယောက်နှင့် အထက် စည်းဝေးခြင်း မပြုရန် အမိန့်ထုတ်လိုက်သည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညသန်းခေါင်အချိန်၌ တပ်မတော်နှင့်မြန်မာ့ရဲတပ်ဖွဲ့သည် အစိုးရဝန်ထမ်းများ၊ ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းများ၊ NLD အဖွဲ့ဝင်များ၊ ဆန္ဒပြသူများနှင့် သူရဦးရွှေမန်းကို ဖမ်းဆီးခဲ့သည်။
ဖေဖော်ဝါရီ ၂၂ တွင်မူ နှစ်ငါးလုံးလှုပ်ရှားမှုအဖြစ် တနိုင်ငံလုံး လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့သည်။ ဤလှုပ်ရှားမှုသည် လူအများအပြားပါဝင်မှုအရ အကြီးမားဆုံးဖြစ်ခဲ့ရုံသာမက၊ “ရှစ်လေးလုံး” အရေးတော်ပုံ၏ အမွေကို ဆက်ခံပြီး ကျော်လွန်ရန် ကြိုးပမ်းသည့် မျိုးဆက်သစ်တခု၏ ကြေညာချက်တခုလည်း ဖြစ်သည်။ “နှစ်ငါးလုံး” ဟူသော အမည်ပေးမှုကိုယ်တိုင်က သမိုင်းကိုရောင်ပြန်ဟပ်ပြီး၊ ယခင်မျိုးဆက်၏ မပြီးပြတ်ခဲ့သော တော်လှန်ရေးကို ဤမျိုးဆက်က အဆုံးသတ်မည်ဟူသော နိုင်ငံရေးဆိုင်ရာဟောပြောချက် (Discourse) ကို တည်ဆောက်ခဲ့သည်။ ဤနေ့မှစ၍ တော်လှန်ရေးသည် အာဏာသိမ်းမှုကို တုံ့ပြန်ခြင်း အဆင့်မှ စနစ်တခုလုံးကို ပြောင်းလဲရန် ကြိုးပမ်းသည့် အဆင့်သို့ ကူးပြောင်းသွားခဲ့သည်ဟု ဆိုနိုင်သည်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင်မူ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အထွေထွေ ညီလာခံ မိန့်ခွန်းတွင် မြန်မာပြည်မှ တော်လှန်သည့် ပြည်သူများဘက်မှ ရပ်တည်ကြောင်း ပြောခဲ့သည်။ ယင်း အချက်မှာ သံတမန်ရေးရာတွင် အမြင့်ဆုံး အောင်မြင်မှုတခု ဖြစ်ခဲ့သည်။ ယခုစာကို ရေးချိန်ထိလည်း ဦးကျော်မိုးထွန်းကိုပင် သံအမတ်ကြီးအဖြစ် ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ်ပြီး စစ်ကောင်စီ၏ သံတမန် လှုပ်ရှားမှုများ ကျရှုံးဆဲဖြစ်သည်။
ဖေဖော်ဝါရီ ၂၈၊ နံနက် ၈ နာရီခန့်တွင် ရန်ကုန်မြို့၊ အောက်ကြည့်မြင်တိုင်လမ်း၊ တိုင်းပညာရေးမှူးရုံး ရှေ့၌ ဆန္ဒထုတ်ဖော်ရန် စုဝေးနေသော ပညာရေးဝန်ထမ်းများအား မျက်ရည်ယိုဗုံးများဖြင့် ရုတ်တရက် ပစ်ခတ်ဖြိုခွင်း လူစုခွဲခဲ့စဉ် အသက် ၅၉ နှစ်အရွယ် အလယ်တန်းပြဆရာမ ဒေါ်တင်နွဲ့ရီ ကျဆုံးခဲ့သည်။ စုဝေးနေသော ဆရာ၊ ဆရာမ ဦးရေ ၂၀၀ ခန့် ရှိသည့် လူစုလူဝေးအား သတိပေးခြင်း တစုံတရာမရှိ ရုတ်တရက်အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။
မတ်လ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ရုံးထုတ်ခဲ့သည်။ မတ် ၃ ၌ လုံခြုံရေးရဲနှင့် စစ်သားတို့၏ ပစ်ခတ်မှုကြောင့် သေဆုံးသူပေါင်း ၃၈ ဦးခန့် သေဆုံးခဲ့ရသည်။ ၈ ရက်နေ့တွင်မူ ပြည်တွင်းမီဒီယာများကို စစ်ကောင်စီ၏ ပြန်ကြားရေး ဝန်ကြီးဌာနက ပိတ်ပင်သည်။ မကြာမီပင် NUG မှ ဒေါက်တာဆာဆာက ကုလသမဂ္ဂထံ ကာကွယ်ပေးရန်တာဝန် (Responsibility to Protect – R2P) ကို တောင်းခံခဲ့သည်။ မတ်လ ၂၅ ရက်နေ့တွင်မူ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို အမေရိကန်မှ ဒဏ်ခတ် ပိတ်ဆို့မှုများ စတင်ချမှတ်သည်။ ဤပိတ်ဆို့မှုသည် မြန်မာစစ်တပ်၏ နိုင်ငံရေးဘောဂဗေဒအခြေခံအတွက် အဓိကသွေးကြောကို ပစ်မှတ်ထားခြင်းဖြစ်သည်။ စစ်တပ်သည် နိုင်ငံရေးအာဏာကို ကိုင်စွဲထားရုံသာမက၊ ဦးပိုင်နှင့် MEC ကဲ့သို့သော စီးပွားရေးလုပ်ငန်းကြီးများမှတဆင့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍအများအပြားကို ထိန်းချုပ်ထားသည်။ ဤစစ်တပ်ပိုင် စီးပွားရေးအင်ပါယာ (Military-Corporate Complex) သည် သူတို့၏ အာဏာကို ဆက်လက်တည်မြဲစေရန် ဘဏ္ဍာငွေထောက်ပံ့ပေးနေသည့် အဓိကယန္တရားဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာ၏ ပိတ်ဆို့မှုများသည် စစ်တပ်၏ စစ်ဆင်ရေးစွမ်းရည်ကို ထိခိုက်စေရန်သာမက၊ သူတို့၏ နိုင်ငံရေးအာဏာ၏ စီးပွားရေးအုတ်မြစ်ကိုပါ ဖြိုချရန် ရည်ရွယ်သည်။
မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့ကမူ အာဏာသိမ်းပြီးနောက် အသေအပျောက် အများဆုံးရက် ဖြစ်သည့်အတွက် အကျည်းတန် အရုပ်ဆိုးလှသည်ဟု ပြောရမည်။ စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူ ၁၀၀ ခန့် သေဆုံးခဲ့သည်။ နောက်နေ့တွင်လည်း ဆက်လက်ပစ်ခတ် သတ်ဖြတ်ရာ နိုင်ငံအနှံ့ လူများစွာ သေဆုံးခဲ့ပြီး ဒဏ်ရာရနေသူကို ကူနေသည့် သူနာပြုဆရာမတဦးပါ ခေါင်းကို ကျည်ထိသွား၍ သေဆုံးခဲ့သည်။
ဧပြီလ ၁၆ ရက်တွင် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို ဖွဲ့စည်းပြီးကြောင်း ကြေညာခဲ့သည်။ ယင်းကာလအထိ သေဆုံးသူ ၆၀၀ ကျော်ရှိပြီဟု မှန်းရသည်။ ဧပြီလ ၁၉ တွင် ဥရောပသမဂ္ဂမှ ဆန်ရှင်များ ဆက်လက်ချမှတ်သည်။ အနုပညာရှင်များနှင့် သပိတ်ခေါင်းဆောင်များအား မတရားဖမ်းဆီးခဲ့သည်။ မြန်မာ့အသံနှင့် မြဝတီတို့မှ ပုဒ်မ ၅၀၅ (က) ဖြင့်တရားဆွဲဆိုသော ဝရမ်းစာရင်းကိုလည်း နေ့စဉ်ထုတ်လွှင့် ခဲ့သည်။
ဧပြီလ ၂၄ ရက်နေ့တွင် အာဆီယံခေါင်းဆောင်များ မြန်မာ့အရေးနှင့်ပတ်သက်ပြီး အချက်ငါးချက် ချမှတ် သဘောတူခဲ့သည်။ ယင်းအချက် ငါးချက်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း သဘောတူပြီး တကယ်လက်တွေ့ လိုက်လုပ်ခြင်း မရှိပေ။ အာဏာသိမ်းမှုကို ဒီမိုကရေစီအား စောင့်ရှောက်လိုသောကြောင့် လုပ်ရသလိုလို နိုင်ငံတကာအား လိုက်ပြောသေးသော်လည်း နိုင်ငံတကာက မည်သူမျှလည်း မယုံကြပေ။
နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ကြေညာခဲ့သည်။ စစ်အာဏာ သိမ်းပြီးနောက် နွေဦးတော်လှန်ရေး ကာလတလျှောက်လုံး NUG ကိုထောက်ခံသော သပိတ်အဖွဲ့များသည် ဆန္ဒပြမှုများ ဆက်တိုက်လုပ်ခဲ့သလို လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များလည်း စစ်ကောင်စီနှင့် ထိတွေ့၍ တိုက်ခိုက်ခဲ့ကြရာ ထင်ရှားသော ဖြစ်စဉ်များစွာရှိခဲ့ကြသည်။
----------
[1] အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုဖြင့် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လထဲတွင် အမှုအချို့ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးခဲ့ကာ ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ချမှတ်ခဲ့သည်။
[2] အာဏာသိမ်းစတွင် စိုးရိမ်ကြောင်း၊ အရေးကြီးကြောင်း၊ အင်အားသုံးနေကြောင်း၊ လူသေစေကြောင်း စသည်တို့ကို ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ မတ်လ ၂၀၂၁ ထုတ်ပြန်ချက်များအရ အကြမ်းဖက်မှုများကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ပိတ်ဆို့အရေးယူမှုများ သို့မဟုတ် အရေးယူဆောင်ရွက်စေမည့် အစီအမံများ ထည့်သွင်းထားခြင်း မရှိခဲ့ပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ချက် (၃၁ မတ် ၂၀၂၁) တွင် အရပ်သားများ သတ်ဖြတ်ခံရခြင်းကို ရှုတ်ချပြီး၊ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။ တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ပိုမိုတင်းကျပ်သော ဆုံးဖြတ်ချက်ချမှတ်မှုကို ပိတ်ဆို့ခဲ့ကြသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် A/RES/75/287 (၁၈ ဇွန် ၂၀၂၁) တွင် လက်နက်ရောင်းချမှု ပိတ်ဆို့ရန်နှင့် အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် ဥပဒေအရ အတည်မဖြစ်သောကြောင့် အရေးယူဆောင်ရွက်စေမည့် နည်းလမ်းများ မပါဝင်ခဲ့ပါ။ အထူးကိုယ်စားလှယ်များ (ဘာဂနာမှ နိုလင်းဟေဇာအထိ) ခန့်အပ်ခဲ့သော်လည်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ရရှိရန် စစ်ကောင်စီမှ အကြိမ်ကြိမ် ပိတ်ဆို့ခဲ့သည်။ ၂၀၂၁ ခုနှစ်တစ်လျှောက်လုံးတွင် ကုလသမဂ္ဂသည် ဘေးထွက်ရောက်နေခဲ့ရသည်ဟု ဆိုနိုင်သည်။

Comments
Post a Comment